စီးပွားရေးကဏ္ဍများတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် Proposal များ တင်နိုင်ကြောင်း ပုဂ္ဂလိကလုပ်ငန်းရှင်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ရန်ကုန်မြို့တွင် ဧပြီလ (၁၀)ရက်နေ့က ကျင်းပသည့် ဒုသမ္မတနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် အောက်ပါအတိုင်း နယ်ပယ်(၁၀)ခုကို ဖိတ်ခေါ်ခဲ့ပါသည်။
၁။ ကျန်းမာရေးကဏ္ဍတွင် ပုဂ္ဂလိကဆေးရုံများ၊ သူနာပြုသင်တန်းဆိုင်ရာ သင်တန်းကျောင်းများ၊ ကျန်းမာရေးဆိုင်ရာ သင်တန်းများ၊ သားဖွားခွင့် သင်တန်းများ။ Myanmar Investment Commission (MIC)ကို Proposal တင်နိုင်။
၂။ ပညာရေးနှင့်ပတ်သက်လျှင် ပညာရေး ဥပဒေမပေါ်သေးသည့်တိုင်အောင် စောင့်ဆိုင်းစရာမလို ပုဂ္ဂလိက ကျောင်းများ၊ နည်းပညာကျောင်းများ၊ ယဉ်ကျေးမှုကျောင်းများ ဖွင့်လှစ်နိုင်။ အားကစားရုံ၊ အားကစား ကျောင်းများဖွင့်လှစ်နိုင်။
၃။ လျှပ်စစ်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်နိုင်သည်အထိ လုပ်ပိုင်ခွင့် များဖြည်လျော့ထားပြီး ဖြစ်သည့်အတွက် လျှပ်စစ်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်။ (လျှပ်စစ်မီးရရှိရေး ဦးစားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၃၀ရက်နေ့ နိုုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့)
၄။ SME လုပ်ငန်းရှင်များက သွင်းကုန်အစားထိုး (Import Substitution) များနှင့် ပို့ကုန်မြှင့်တင် (Export Promotion) များကိုဆောင်ရွက်နိုင်၊ လူသုံးကုန် အသေးစားပစ္စည်းများကို ထုတ်လုပ်နိုင်သော စွမ်းအားများ ရှိ၍ ပြည်တွင်း SME များ တိုးတက်လာရန်အတွက် အစိုးရမှ ပံ့ပိုးပေးမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်။
၅။ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် MADB (Myanmar Agriculture Development Bank) ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်သို့ ရွှေ့ပြောင်းပြီးဖြစ်သဖြင့် ချေးငွေရရှိရန် ပုဂ္ဂလိက ဘဏ်များက ပူးပေါင်းလိုပါက လက်ခံဆောင်ရွက်သွားမည်။
၆။ အာမခံလုပ်ငန်းအားလုံးကို ခွင့်ပြုမည်ဖြစ်ပြီး တစ်ဦးချင်းဖြစ်စေ၊ ပူးပေါင်းဖြစ်စေ ဆောင်ရွက်နိုင်။
၇။ ရွှေ၊ ကျောက်မျက်လုပ်ငန်းအားလုံးကို တရားဝင်ဖြစ်စေရန်အတွက် ပုဂ္ဂလိက ဈေးကွက်များ ဖွင့်လှစ်ခွင့် ပေးမည်ဖြစ်ပြီး ကျောက်မျက်ဈေးဖွင့်လိုသူများ၊ Developerများ၊ ရောင်းချသူများ ဆောင်ရွက်နိုင်။
၈။ Ware House ကို မန္တလေးနှင့်ရန်ကုန်တွင် လုပ်ကိုင်နိုင်ခြင်းနှင့် ရန်ကုန်မှ မန္တလေးသို့ Container Carrier (train) များကို နေ့စဉ်ပြေးဆွဲမည့် အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်။
၉။ Steel Industrial Zone ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် စနစ်တကျ အဆင့်မီဆောင်ရွက်နိုင်သော Developer များ လုပ်ကိုင်ခွင့်ရှိ။
၁၀။ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ Handicraft, Traditional Costume များ တစ်နေရာထဲတွင် ရရှိနိုင်သည့် One-Stop Centre လုပ်ပေးနိုင်ရန် စီစဉ်မည်။
Source: UMFCCI