
ဆက်လက်ပြီး အစည်းအဝေးတွင် လက်မှုအနုပညာပစ္စည်းကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး၊အခမ်းအနား ပြင်ဆင်ရေးအပိုင်း၊ လက်မှုအနုပညာ ပစ္စည်းများ ခင်းကျင်းပြသရန် အစီအစဉ်များ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားပြီး ကျင်းပပြုလုပ်မည့်အစည်းအဝေးခန်းမကို ကြည့်ရှုစီစဉ်ပြီး အစည်းအဝေးကို ညနေ(၁၆း၀၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိခဲ့ရပါသည်။
အနုပညာပစ္စည်းကဏ္ဍဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာလ(၂ -၃)ရက်နေ့အထိကျင်းပမည်ဖြစ်ပါသဖြင့် ပွဲအောင်မြင်စွာ ကျင်းနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့ နေ့လည် (၁၄း၀၀) နာရီတွင် ရန်ကုန်မြို့၊ စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပဉ္စမထပ်ရှိ NESအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။အစည်းအဝေးသို့ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဒုတိယညွှန်ကြား ရေးမှူး၊လက်ထောက်ညွှန်ကြား ရေးမှူးနှင့်တာဝန်ရှိသူများ၊ မြန်မာ့လက်မှုအနုပညာအသင်း၏ ဥက္ကဌ နှင့်အတွင်းရေးမှူး၊ ITC မှ National Consultant နှင့် Action Aid မှ တာဝန်ရှိသူတစ်ဦးတို့ တက်ရောက် ညှိနှိုင်းခဲ့ကြပါသည်။