မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍ ပို့ကုန်မဟာဗျူဟာရေးဆွဲရေးဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ သို့ ဒုတိယဝန်ကြီးတက်ရောက်ချီးမြှင့်

မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍ ပို့ကုန်မဟာဗျူဟာရေးဆွဲရေးဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ သို့ ဒုတိယဝန်ကြီးတက်ရောက်ချီးမြှင့်
၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာအစိုးရ ဌာနများ၊ မြန်မာ့လက်မှုအနုပညာအသင်း၊ မြန်မာနိုင်ငံကြိမ်ဝါးလုပ်ငန်းရှင်များအသင်းနှင့် အခြား သက်ဆိုင်ရာအသင်းအဖွဲ့များမှကျွမ်းကျင်သူများပါဝင်သော မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍ ပို့ကုန်မဟာဗျူဟာရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို  Action Aid Myanmar ၏ပံ့ပိုးမှု ဖြင့်၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့ အထိ ရန်ကုန်မြို့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပဉ္စမထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ ပါသည်။
၂။           မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် ပို့ကုန်မြှင့်တင်ရေးကို ဦးစားပေးဆောင်
ရွက်လျက်ရှိရာတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy - NES)  ကို ဦးစားပေးကဏ္ဍ (၇) ခုနှင့် အထောက်အကူပြုကဏ္ဍ (၄) ခုအပါအဝင် စုစုပေါင်းကဏ္ဍ (၁၁) ခုတို့ကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၅ နှစ် စီမံကိန်းသတ်မှတ်၍  အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။  ယခုအခါ အလားအလာရှိသော ကဏ္ဍအသစ် ၅ ခုအဖြစ် လယ်ယာထွက်ပစ္စည်းအခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ ကျောက်မျက်နှင့် လက်ဝတ် ရတနာကဏ္ဍ၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်ကဏ္ဍ၊ လက်မှုအနုပညာပစ္စည်းကဏ္ဍ၊ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းကဏ္ဍစသည့် ကဏ္ဍ (၅)ခုကို အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ထပ်မံထည့် သွင်း ဆောင်ရွက်လျက်ရှိပါသည်
၃။           မြန်မာ့လက်မှုအနုပညာ ပစ္စည်းကဏ္ဍကို ကဏ္ဍသစ်တစ်ခုအနေဖြင့်ထပ်မံထည့်သွင်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်  မဟာဗျူဟာကျသော အဓိကပို့ကုန် အမယ် များကိုရွေးချယ်၍ အမယ်တစ်ခုချင်းအလိုက် မဟာဗျူဟာမျော်မှန်းချက်၊ ရည်မှန်းချက်၊ ဦးတည် ချက်များနှင့် အသေးစိတ်လုပ်ငန်းစီမံချက်(Plan of Action)များရေးဆွဲဖော် ထုတ်နိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
၎။           မြန်မာနိုင်ငံသည် ဈေးကွက်ဖွင့်လှစ်ပြီးပိုမို ပွင့်လင်းမြင်သာလာခြင်းနှင့်အမျှ နိုင်ငံ တကာက စိတ်ဝင်စားလာပြီးခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာလျှက်ရှိပါသည်။ ထို့ကြောင့် လက်မှုအနုပညာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်း(Gift)ကဏ္ဍများသည်လည်း ဝင်ငွေ တိုးတက်လာနေပါသည်။  ယခုအခါ မြန်မာ့လက်မှုအနုပညာ အသင်းကိုလည်းဖွဲ့စည်းထားပြီး သစ်လက်မှုအနုပညာ ပစ္စည်းနဲ့ ပန်းပု၊ ဝါး၊ကြိမ်၊ ဗေဒါ၊ ငွေ၊ ကြေး၊ ယွန်း၊ ကနုကမာ၊ ကြွေ၊ မြေ၊ ကျောက်စိမ်း၊ ရွှေချည်ထိုး၊ ရိုးရာထည်စသည့်ကဏ္ဍ (၁၁) ခုကို ပေါင်းစပ်ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းအုပ်စုတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ကြမည်ဖြစ် ကြောင်းသိရှိရပါသည်။ ဆွေးနွေးပွဲသို့ စုစုပေါင်းကိုယ်စားလှယ် (၇၀) ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။        
                                                                        မြတ်မြတ်စိုးမိုး (Myantrade)
Share:

Popular Posts